ကွန်ပျူတာတစ်လုံးမှာ RAM
ဟာမရှိမဖြစ်လိုအပ်ပါတယ်။ RAM ဟာ CPU နှင့် Hard disk ကြားမှာ တံတား
သဖွယ်ပေါင်းကူးဆောင်ရွက်ပေးပါတယ်။ RAM ဟာ Volatile
memory အမျိုးအစားဖြစ်ပြီး ကွန်ပျူတာ အလုပ်လုပ်နေစဉ်အတွင်းမှာ Data
တွေကို ယာယီမျှသာ ထိန်းသိမ်ထားတာဖြစ်ပြီး Power Off သွား ရင်တော့ သူ့ မှာ
ထိန်းသိမ်း နိုင်စွမ်းမရှိပါဘူး။ ဟုတ်ပြီ ဒါဆိုရင် ဒီလိုအရေးပါတဲ့ RAM တစ်ခု
ကွန်ပျူတာမှာ RAM မကောင်း တော့ဘူးဆိုရင် ဘယ်လိုတွေဖြစ် လာမလဲ
ဆိုတာလေ့လာကြည့်ရအောင်။
RAM ဘာကြောင့် အပျက်များရပါသလဲ။
အောက်ပါအကြောင်းအရင်းများကြောင့် RAM များပျက်စီးနိုင်သည်။
1.Elector static Discharge (EDS)
2.Default industry
3.Environment
4.Low quality
1.Elector Static Discharge (EDS)
လူ၇ဲ့ ခန္ဓာကိုယ်မှာ Elector Static Charge တွေရှိတယ်။ ခုနောက်ပိုင်းလာတဲ့ Computer Electronic Device တွေဟာ Volt အားကိုနည်းနိုင်သမျှ နည်းအောင် ပြုလုပ်တတ်ကြပါတယ်။ Volt အားများရင် Heat တွေများများထွက်မယ် heat တွေများများထွက်ရင် Electronic Devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီးမှာဖြစ်ပါတယ်။ ဒါကြောင့် Volt အားကို Micro Volt (or) Mile Volt လောက်ပဲထုတ်ထားတဲ့ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့ Heat နဲ့ ထိတွေ လိုက်ရင်မခံနိုင်ပါဘူး။ လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခဏမျှပွတ်ပေးခြင်းဖြင့် Heat တွေကို Discharge လုပ်ခိုင်းတာပေါ့။ အခုလဲ RAM အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် RAM ကို သေချာမြင်ဖူး၊ ကိုင်ဖူးတဲ့သူတွေဆိုရင် သိပါလိမ့်မယ်။
မတွေ့ ဖူးမမြင်ဖူးရင်တောင်အထက်ကပုံမှာလေ့လာနိုင်တယ် RAM မှာ IC chip အသေးလေးတွေပါတယ်။ RAM တစ်ခုနဲ့  တစ်ခု chip တွေရဲ့  အရွယ်အစား ကတူ ချင်မှ တူလိမ့်မယ်။ အဲဒီ Chip အပြားလေးတွေကို လက်နဲ့ မထိမကိုင်မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ။ သတိထားပြီး ကိုင်ပါ။ အားကစားလုပ်တတ်တဲ့ သူတွေဆိုရင် ပိုသတိထားရမယ်။ အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်။ စောနကပြောတဲ့ ခန္ဓာကိုယ်ကထွက်တဲ့ static charge က RAM ရဲ့ Chip ပြားလေးတွေကို သွားထိမိရင် လောင်သွားနိုင်ပါတယ်။ အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါဆိုရင် EDS ကြောင့် RAM ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်။ RAM ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်းရာမှာသာ ပြုလုပ်ပါ..
2.Default industry
RAM stick လေးတွေကို ဈေးကွက်ထဲကို အရည်သွေးစစ်ပြီးရောင်းချလိုက်တယ်ဆိုပေမဲ့အကြောင်းအမျိုးမျိုး RAM ၀ယ်လာပြီးတော့ အဆင်မပြေမှုတွေ ၀ယ်ထား တာမကြာသေးပဲ စက်က hang ပြီး restart ကျသွားတာမျိုးတွေလည်းကြုံဖူးကြမှာပါ။ စက်ရုံကထုတ်လိုက်ကတည်းက ထောင်သောင်းမက ထုတ်လိုက်တာဆို တော့ အနည်းနဲ့  အများချွတ်ယွင်း မှုလေးတွေတော့ရှိမှာပါ။ ဒါကြောင့်တစ်ခါတရံ RAM ချောင်းအသစ်ကို ပဲသုံးလို့  မရဖြစ်တတ်ပါတယ်။ RAM ချို့ ယွင်းမှုဖြစ်လို့  Default Industry ကဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ အကယ်၍ မိမိက ကွန်ပျူတာအသစ်တစ်လုံးဆင် လို့ ပဲဖြစ်ဖြစ် RAM အသစ်တစ်ချောင်းဝယ်စိုက်လို့ ပဲဖြစ်ဖြစ် ဒီလိုဖြစ်လာခဲ့ရင် မိမိဝယ်ခဲ့တဲ့ ဆိုင်က အာမခံသက် တမ်း (warranty)ပေးတာဖြစ်တဲ့ အတွက်ဆိုင်မှာ လှဲလှယ်နိုင်ပါတယ်။
3.environment
Environment ကြောင့်ပျက်စီးတယ်ဆိုတာကတော့ RAM failure ဖြစ်ဖို့ အခြေအနေအားလုံး အကျုံးဝင်ပါတယ်။ RAM ကို အပူနဲ့ နီးစပ်တဲ့နေရာမှာထားရှိခြင်း ရေခိုးရေငွေ့ နဲ့ နီးစပ်တဲ့နေရာနဲ့ ထိတွေ့ မှုရှိခြင်း သဘာဝအလျောက် ထိမိခိုက်မိပျက်စီးခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် RAM ပျက်စီးမှုထဲမှာ environment လဲတစ်ခုအဖြစ် ပါဝင်လာတာဖြစ်ပါတယ်။
4.low quality
RAM တွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေအမျိုးမျိုးရှိကြတယ်။ အမျိုးစားချင်းတူပေမဲ့ ဈေးနည်းတာနဲ့ ဈေးများတာ ကွာပါတယ် ဘာကြောင့် အဲလိုကွာတာလဲ။ Architecture တွေ…ထုတ်လုတ်တဲ့ ပစ္စည်း အသုံးပြုထားတဲ့  ပစ္စည်းတွေ ကွာလို့ ဈေးနှုန်း တွေကွာခြားသွားခြင်းဖြစ်တယ် ဒီနေရာမှာ ဘယ်ဟာပိုကောင်းတယ် ဘယ်ဟာပိုသာတယ်ဆိုတာ မပြောတော့ဘူးနော်။ သူ့ အမျိုးစားနဲ့ သူတော့ အဆင်ပြေကြမှာပါ။ မြန်မာပြည်မှာတော့ Kingston တံဆိပ်ကိုအသုံးများတယ်။ ဈေးနှုန်းသင့်ပြီးသုံးစွဲရတာ standard မှီတဲ့အတွက် အဆင်ပြေပါတယ်။
RAM ပျက်ရင် ဘာ Error တွေပြမှာလဲ
RAM ပျက်ရင် monitor screen မှာ motherboard မှ error beep sound ထုတ်ပေးပါတယ်။ နောက် BODS လို့ ခေါ်တဲ့ Blue Screen အပြာတက် လာပြီး တော့ RAM failure ဖြစ်ကြောင်းပြတဲ့  error message ပြတယ်။ technical information code နံပါတ်တွေနဲ့ လည်းဖော်ပြပါတယ်။ RAM ချောင်းတွေဟာ လုံးဝမကောင်းတော့တာတွေရှိသလို သုံးပြီးတစ်နာရီ နှစ် နာရီလောက်နေပြီးမှ စက်က ထိုးရပ်သွားခြင်း (သို့ )စက်က restart ကျသွားခြင်း ဖြစ်တတ်ပါတယ်။
Virus ကြောင့်မဟုတ်ပဲ စက်ကို ခနလောက်ပဲသုံးရသေးတယ်။ စက်ကလေးလံပြီး စက်ဟန်းသွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ RAM ကြောင့်ဖြစ်တယ်လို့  သံသယရှိရင် အခြားကောင်းတဲ့ RAM နဲ့ ပြောင်းလဲ တပ်ဆင်စမ်းသပ်ကြည့်ပါ။ အခြား RAM နဲ့ ပြောင်းလဲတပ်ဆင်ကြည့်လိုက်လို့ စက်က အကောင်းပကတိ အတိုင်းအလုပ်လုပ် နေတယ်ဆိုရင် မိမိ RAM မကောင်းတော့ပါ ပိုပြီးသေချာစေရန် စောနကမကောင်းတော့ဘူးလို့ သတ်မှတ်ထားတဲ့ မိမိ RAM ကိုပဲအခြားစက်တစ်လုံးမှာ တပ်ဆင်ကြည့်ပါ။ အခြားစက်တစ်လုံးမှာလဲ ပထမစက်မှာဖြစ်သကဲ့သို့ ပုံစံတူ Error ပြနေလျင် RAM ပျက်ပြီဟု မှတ်ယူနိုင်ပါသည်။
RAM ကိုကောင်းမကောင်း ဘယ်လိုစစ်မလဲ
အလွယ်ဆုံးကတော့ RAM ကိုဖြုတ်ပြီးတခြားဟာနဲ့ အစားထိုးစမ်းသပ်ခြင်းဖြစ်ပါတယ် သို့ သော်လည်းအပိုရှိဦးမှကိုး Physically အရ RAM ကို slot မှာသေသေချာချာထိထိ မိမိစိုက်ထား၇ဲ့ လားဆိုတာ ပြန်စစ်ပေးရပါတယ်။ တစ်ခါတရံ Slot အံမကျလို့  Sound Beep Error ထုတ်ပေးတာမျိုးလဲ ဖြစ်နိုင်တယ်။ အံကျအောင်ပြန်လည် စိုက်ပေးလိုက် ရင် အဆင်ပြေသွားနိုင်ပါတယ်။ မိမိက သေချာစိုက်ထားသော်လည်း RAM အောက်ခြေမှာ ဖုံတွေ၊ ချည်းတွေ ဆီငွေတွေကပ်နေတဲ့အတွက် အဆင်မပြေဖြစ်တတ်ပါတယ်။
အဲဒီအခါကျရင် RAM ချောင်း၇ဲ့ အောက်ခြေမှာရှိတဲ့ ရွှေရောင်လိုင်းလေးတွေကို တစ်ရှူးအနုလေးဖြင့် သန့် ရှင်းပေးခြင်း ခဲဖျတ်နှင့် သန့် ရှင်းပေးခြင်းအားဖြင့်လည်း အဆင်ပြေသွားနိင်ပါတယ်။
မှတ်ချက်။ ။ RAM အကြောက်အဆုံးက ရေငွေ့ ဆီငွေ့ ပါပဲခင်ဗျာ။

No comments:
Post a Comment