expr:class='"loading" + data:blog.mobileClass'>

Saturday 17 August 2013

ကမ္ဘာအသိအမှတ်ပြု Microsoft Windows 8 Support Myanmar Unicode 3



   Microsoft windows 8 support Myanmar Unicode 3 ကမ္ဘာ့ အသိအမှတ်ပြု (Keyboard Typing) ကီးဘုတ်လက်ကွက်တွေကို
   အခြေခံကျကျနည်းစနစ်မှန်ကန်စွာ သင်ကြားတက်မြောက်လိုသူများအတွက်(Whizzo Typing Tutor - Myanmar Unicode 3)ပါ။
   Myanmar Unicode - Myanmar 3 လက်ကွက်လေ့ကျင့်လိုသူများအတွက် Whizzo Typing Tutor ကိုတင်ပေးလိုက်ပါတယ်။ အ
   ရင်က Myanmar Unicode - Myanmar 1, Myanmar 2 နဲ့ Myanmar 3 တွေကို အစိုးရဌာနတွေမှာသာ အသုံးပြုခဲ့ပါတယ်။

Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို အလည်ရောက်ခဲ့လာပြီးတဲ့နောက်ပိုင်းမှာတော့ Google ကနေမြန်မာ Unicode ကို အသုံးပြုခွင့်ပေးခဲ့
   ပါတယ်။ အစိုးရဌာနတွေရဲ့ Web Page တွေအားလုံးမှာလည်း Myanmar 3 Unicode ကိုအသုံးပါတယ်။ နောက်အစိုးရဌာနတွေရဲ့
   ရုံးသုံးစာတွေအားလုံးကို Myanmar Unicode 3 ကိုပဲ အသုံးပြုမှာဖြစ်တဲ့အတွက် DTP သမားတွေ စာစီစာရိုက်လုပ်ငန်းတွေနဲ့စီးပွား
   ရေးလုပ်နေသူတွေ၊ အစိုးရဝန်ထမ်းတွေဟာ Myanmar 3 ကို မရိုက်တတ်လို့မရတော့လောက်အောင် အရေးပါလာပါတယ်။

   ယခုဆိုလျှင်လည်း Microsoft windows 8 support ကနေကမ္ဘာ့ အသိအမှတ်ပြု Myanmar Unicode 3 ကိုပဲအသုံးပြုထားပါတယ်။
   ဒါကြောင့် Myanmar Unicode 3 ရဲ့ကီးဘုတ်လက်ကွက်တွေကို လေ့ကျင့်လို့ရအောင် Whizzo ကထုတ်လုပ်ခဲ့တဲ့ Whizzo Typing
   Tutor Myanmar Unicode 3 ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။
 
   ကျတော့တို့ မြန်မာလူမျိုးတွေထဲကနေ ကမ္ဘာနဲ့ ယှဉ်ရင် ရင်ဘောင်တန်းနိုင်တဲ့ လူတော်တွေ၊ လူရည်ချွန်တွေအပါအ၀င် တိုင်းပြည်၇ဲ့ 
   အနာဂတ်ကို ဦးဆောင်နိုင်မယ့် လူငယ်တွေအများအပြား ပေါ်ထွက်လာစေလို့ ဆန္ဒပြုရင်း ဒီပို(့စ်)လေးကိုအဆုံးသတ်ပါရစေခင်ဗျာ။
   Microsoft windows 8 support Myanmar Unicode 3 ကမ္ဘာ့ အသိအမှတ်ပြု(Keyboard Typing) ကီးဘုတ်လက်ကွက်ဆော့ဝဲလ်
ကလေးကို Mediafire နှင့် 4shared တို့ မှနေပြီး အလွယ်တကူ ဒေါင်းလော့ခ်ရယူနိုင်ပါပြီခင်ဗျာ။ စာရှုသူ ညီအစ်ကိုမောင်နှမ
အပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ။

ဆန္ဒမွန်ဖြင့် - စနေမင်း မဟာနွယ်(နည်းပညာ)





 

1 comment:

  1. ဝင်းဒိုး ၇ မှာသုံးလိုရဘူးလားခင်ဗျား
    ကူညီပါဗျာ

    ReplyDelete