expr:class='"loading" + data:blog.mobileClass'>

Friday 6 March 2015

ဤသို့ပြုရသော ကုသိုလ်ကောင်းမှု့တော်၏ အဖိုးဘာဂသည် မြတ်သောမဂ်ဖိုနိဗ္ဗာန်သို့ လျှောက်ရာလမ်း၌ သင့်တင့်လျှောက်ပတ်သော အထောက်အပံ့ ဖြစ်ပါစေသတည်း ။ မလေးရောက် ညီတော်နောင်တော်များ မှနေ မဖြစ်မနေရေးပေးပါဆိုပြီး ကျတော် စနေမင်း(နည်းပညာ)ဆီလှမ်းပြီး အကူအညီတောင်းလို့ ရေးဆွဲ
ပေးလိုက်တဲ့ ဒီဇိုင်းလေးပါခင်ဗျာ။

Thursday 5 March 2015

Download Lenovo Stock Rom for all models - Android XDA



Lenovo Stock Rom (Original firmware) တွေအားလုံးကို ကော်ကီကူးပြီး ပြန်တင်ပေးထားပါတယ်။
Original Website ကနေ ဒေါင်းချင်လည်း ဒီလင့်ဒ် မှာသွားရောက်ပြီးလည်း ဒေါင်းလော့ရယူနိုင်ပါတယ် ခင်ဗျာ၊

အောက်တွင် မိမိရဲ့ Lenovo ဖုန်းရဲ့ Model အမျိုးအစားတွေကိုအလိုက်ရွေးချယ်ပြီး Original firmware ဒေါင်းယူနိုင်ပါပြီ ခင်ဗျာ။
တင်နည်းကတော့ - Model အလိုက် Flash Boot တင်တာတွေကမတူကြပါဘူး။ အချို့အမျိုးအစားတွေက Zip ဖိုင်ကို SD Card ထဲထည့်ပြီး Recovery Mode ကနေ တဆင့် Flash Boot တင်နိုင်သလို အချို့အမျိုးအစားတွေကတော့ PC မှာ Flash Tool သွင်း
ပြီး PC ကနေ Flash Boot ကိုတင်နိုင်ကြပါတယ်။ 

မိမိရဲ့ Lenovo ဖုန်းရဲ့ Model အမျိုးအစားတွေကိုအလိုက်ရွေးချယ်ပြီး Original firmware ဒေါင်းယူနိုင်ပါပြီ ခင်ဗျာ။ 

Best Free Registry Cleaning For Windows Administrator & Super User

ကွန်ပျူတာတွေကို ဆော့ဝဲတွေနဲ့သန့်ရှင်းရေးလုပ်တဲ့ နည်းလမ်းတွေများစွာရှိသည့်အနက်မှ မည်သည့်ဆော့
ဝဲမှမပါပဲ ကွန်ပျူတာတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အကောင်းဆုံးနဲ့အသွတ်လပ်အပေါ့ပါးဆုံး ဖြစ်စေတဲ့
Windows Administrator တွေနဲ့ Super User တွေသာအသုံးပြုလေ့တဲ့ သန့်ရှင်းရေးလုပ်နည်း နည်းလမ်း
ကလေးကို ကျတော်ပြန်လည်ပြီး လမ်းညွှန်မျှဝေပေးမှာ ဖြစ်ပါတယ်ခင်ဗျာ...

အရင်ဦးဆုံးအနေနဲ့ကျနော်တို့ ကွန်ပျူတာနဲ့လက်တောပ့် အသုံးပြုတဲ့သူတွေအထူးသတိပြုရမှာက ကွန်ပျူတာ
ကနေ မိမိမလိုအပ်တဲ့ Program တွေကို Uninstall လုပ်ရတဲ့အခါမှာ ပုံမှန်ပဲ All Control Panel Items >
Programs and Features ကနေပဲ Uninstall လုပ်လေ့ရှိကြပါတယ်။ အဲ့ဒီလို Uninstall လုပ်ကြတဲ့အခါမှာ
ကျနော်တို့အမြင်မှာတော့ မလိုအပ်တဲ့ Program ကို မိမိအလွယ်တကူပဲ ဖြတ်ထုတ်နိုင်တယ်လို့ ထင်မှာပါ။

သို့ပေမယ့် မလိုအပ်တဲ့ Program တွေကို မည်သို့ပင် Uninstall လုပ်ပါစေ။ သူ့ရဲ့ Registry Files တွေက
တော့ အကုန်အစင်မပျက်ပဲ မိမိစက်ထဲမှာ ကျန်ရှိနေမှာအုံးမှာ ဖြစ်ပါတယ်။ Uninstall လုပ်ရင်း စက်ထဲမှာ
ကျန်နေတဲ့ Registry Files တွေဟာ ကွန်ပျူတာတွေကိုလေးလံစေရတဲ့ အကြောင်းအရင်းတွေထဲကတချက်
အပါအ၀င်လည်း ဖြစ်ပါတယ်။

ဒီတော့မလိုအပ်တဲ့ Program ဖိုင်တွေကိုမဖြစ်မနေ Uninstall လုပ်တော့မယ်ဆိုရင်တော့ ကျနော်အကြိုက်
ဆုံး Tool ကတော့ Your Unin-staller Pro ပါပဲ။ ကျတော် အနှစ်သက်ဆုံးဖြစ်တဲ့ Your Unin-staller Pro
ကိုလိုချင်ရင်တော့ ဒီလင်ဒ့် မှာ ဒေါင်းလောဒ့် ဆွဲပြီးအလွယ်တကူ ရယူနိုင်ပါတယ်။

ကျတော်ကတော့ မိမိမလိုအပ်တဲ့ Program တွေကို Your Unin-staller Pro နဲ့ Uninstall လုပ်ပြီးပီဆိုရင်
Registry Files တွေကို Windows Doctor Pro နဲ့ အဆင့်ဆင့် သန့်ရှင်းရေး လုပ်ပြီး ဖိုင်တွေကို သေသေ
ချာချာပြန်စီပြီးမှ အသုံးပြုပါတယ်။ ကျတော်အသုံးပြုတဲ့ Windows Doctor Pro ကိုလိုချင်ရင်တော့ ဒီလင်ဒ့်
မှာ ဒေါင်းလောဒ့် ဆွဲပြီးရယူနိုင်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ တခုပြောချင်တာက Uninstaller Tool တွေနဲ့ Registry Files တွေကို သန့်ရှင်းရေး
လုပ်တဲ့ Windows Doctor Pro လိုမျိုးအလွန်စွမ်းတဲ့ Tool တွေ ဘယ်လောက်ပင် ကောင်းနေပါစေ။ ယခု
ကျတော်တင်ပြမယ့် ဘာဆော့ဝဲမှမလိုတဲ့ နည်းလမ်းလေးကတော့ အကောင်းဆုံးပါလို့ပဲ ပြောချင်ပါတယ်။
ဒါကြောင့် Windows Administrator တွေနဲ့ Super User တွေ ကွန်ပျူတာကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ
အသုံးပြုလေ့ရှိတဲ့ သန့်ရှင်းရေးလုပ်နည်းလမ်းညွှန်ကို ကျတော်ပြန်လည်ကာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
                    ညီအစ်ကိုမောင်နှမတွေအားလုံး အဆင်ပြေကြပါစေလို့ ဆန္̔ဒပြုရင်း -
                                                                                                     စနေမင်း(နည်းပညာ)

ပုံ <<<  ၁  >>>

ပထမဦးဆုံးအဆင့်အနေနဲ့ Start menu >Run Box ကိုဖွင့်လိုက်ပါ။ ဒါမှမဟုတ်ရင် ပုံတွင်ပြထားသည့်အတိုင်း
ကီးဘုတ်မှာ (Win + R) တပြိုင်တည်းတွဲပြီး နှိပ်ပါ။
ပုံ <<<  ၂  >>>
ပုံ (၂) တွင် ပြထားတဲ့အတိုင်း Run Box လေးပေါ်လာတာကို တွေ့မြင်ရပါလိမ့်မယ်။
ပုံ <<<  ၃  >>>
 Run Box ထဲမှာ Temp ကို ရိုက်ထည့်ပြီး Enter ခေါက်ပြီးဝင်ပါ။
ပုံ <<<  ၄  >>>
ပုံ (၄) တွင် ပြထားသည့်အတိုင်း ကျလာတဲ့ Temp Folder ထဲမှာတွေ့မြင်ရတဲ့ ဖိုင်တွေအားလုံးကို Ctrl + A ကိုတွဲနှိပ်ကာ
Delete ကိုနှိပ်ပြီး ဖိုင်အားလုံးကိုဖျက်ထုတ်ပါ။ တခါတရံမှာတော့ တချို့တလေဟာ အသုံးပြုနေဆဲပဲ ဖြစ်တာမို့ ဖျတ်လို့မပျက်
ပဲ တစ်ခု၊ နှစ်ခုကျန်နေတတ်ပါတယ်။ ပြသနာမရှိပါဘူး ခင်ဗျာ။ ထားခဲ့လို့ရပါတယ်။ ဆက်သွားပါ။
ပုံ <<<  ၄  >>>

ပုံ (၅) တွင် ပြထားတဲ့အတိုင်း Run Box လေးကျလာတာကို တွေ့မြင်ရပါလိမ့်မယ်။ Run Box ထဲမှာ Run Box အထဲမှာ
%temp% ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ။
ပုံ <<<  ၆  >>>


ပြီးလျှင် ပုံ (၆) တွင် ပြထားသည့်အတိုင်း ကျလာတဲ့ Folder ထဲမှာတွေ့မြင်ရတဲ့ ဖိုင်တွေအားလုံးကို Ctrl + A ကိုတွဲနှိပ်ကာ
Delete ကိုနှိပ်ပြီးဖျက်ထုတ်ပါ။
ပုံ <<<  ၇  >>>
ပုံ (၇) တွင် ပြထားတဲ့အတိုင်း Run Box လေးပေါ်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ Run Box ထဲမှာ Run Box ထဲမှာ
prefetch ကို ရိုက်ထည့်ပြီး အထက်ပါနည်းအတိုင်း Enter ခေါက်ဝင်ပါ။
ပုံ <<<  ၈  >>>
 ပုံ (၈) တွင် ပြထားသည့်အတိုင်း prefetch Folder ကျမလာပဲ prefetch Box ကလေးပဲ အရင်ကျလာတယ်ဆိုရင်
prefetch Box
ထဲမှာတွေ့ရတဲ့ Continue ကို Click နှိပ်ပြီး ဆက်သွားပါ။
 ပုံ <<<  ၉  >>>
ပြီးလျှင် ပုံ (၉) တွင် ပြထားသည့်အတိုင်းကျလာတဲ့ prefetch Folder ထဲမှာတွေ့ရတဲ့ ဖိုင်တွေအားလုံးကို Ctrl + A ကိုတွဲ
နှိပ်ကာ Delete ကိုနှိပ်ပြီး  အထက်ပါနည်းအတိုင်းပင် ဖိုင်အားလုံးကိုဖျက်ထုတ်ပစ်ပါ။


ပုံ <<<  ၁၀  >>>
 ပုံ (၁၀) တွင် ပြထားတဲ့အတိုင်း Run Box လေးပေါ်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ Run Box ထဲမှာ msconfig ကို ရိုက်
ထည့်ပြီး အထက်ပါနည်းအတိုင်း Enter ခေါက်ပါ။
ပုံ <<<  ၁၁  >>>
ပုံ (၁၁) မှာ ပြထားတဲ့အတိုင်း System Configuration Box ရဲ့အောက်က General ၊ Boot ၊ Services ၊Tools ထဲကနေမှ
တဆင့် Boot ကို ရွေးပေးပါ။ Timeout မှာ 3 seconds ထားပြီး Apply ကို Click ပေးပါ။
ပုံ <<<  ၁၂  >>>
Timeout မှာ 3 seconds ထားပြီး Apply ကို Click ပေးပြီးရင် OK ကိုနှိပ်ပြီးဆက်သွားလို့ရပါပြီ။
ပုံ <<<  ၁၃  >>>
 ပုံ (၁၃)တွင်ပြထားတဲ့အတိုင်း System Configuration Box ရဲ့အောက်က{General ၊ Boot ၊ Services ၊ Startup ၊ Tools }
ထဲကနေ Startup ကိုရွေးပေးပြီး Open Task Manager ကို Click ပေးကာ OK ကိုနှိပ်ပြီးဆက်သွားပါ။

ပုံ <<<  ၁၄  >>>
ပုံ (၁၄) မှာ ပြထားတဲ့အတိုင်းကျလာတဲ့ Task Manager Box ထဲမှာ ကွန်ပျူတာစတင်ဖွင့် ဖွင့်ခြင်းမှာ Windows တက်ဖို့ရန်
အတွက် အလွန်ကြန့်ကြာစေတဲ့ Startup တွေနဲ့ မိမိအသုံးမလိုတဲ့ ဖိုင်တွေကို တွေ့ရင် Right Click နဲ့ထောက်ပြီး Disabled
လုပ်ပြီး ပြန်ထွက်လိုက်ပါ။ 
ပုံ <<<  ၁၅  >>> 

My Computer ကို Right Click ပေးပြီး Manager ကိုဝင်ပါ။
ပုံ <<<  ၁၆  >>>

ထို့နောက် Event Viewer ကို Double Click ပေးပြီးဝင်ပါ။
ပုံ <<<  ၁၇  >>>

Windows Logs ကိုတွေ့ပါက ထပ်မံပြီး Double Click ပေးပြီးဝင်ပါ။
ပုံ <<<  ၁၈  >>>
 Event Viewer အောက်တွင်တွေ့ရတဲ့ { Application / Security / Setup / System / Forwarded Events } တစ်ခုချင်းစီ
ကို Right Click ပေးပြီး Clear Log ဖြင့် အားလုံးကို အောက်တွင်ပြထားသည့် ပုံပါများအတိုင်း အဆင့်ဆင့် သန့်ရှင်းရေးလုပ်
လိုက်ပါ။
ပုံ <<<  ၁၉  >>>
 ပုံ <<<  ၂၀  >>>
 ပုံ <<<  ၂၁  >>>
 ပုံ <<<  ၂၂  >>>
 ပုံ <<<  ၂၃  >>>
My Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ဝင်းဒိုးတင်ထားတဲ့ Drive C ကို Right click လုပ်ပြီး Properties ကိုသွားပါ။ GeneralTab
အောက်က ဖိုင်အားလုံးကို အမှတ်ချစ်ပြီး Clean Up System Files ဆိုတာကို နှိပ်ပါ။

ပုံ <<<  ၂၄  >>>
General Tab အောက်မှာ Disk Cleanup ဆိုတာကို Click နှိပ်ပြီး ခဏစောင့်လိုက်ပါ။
ပုံ <<<  ၂၅  >>>
ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ Disk Cleanup For (C:) Box မှာ Disk Cleanup Tab အောက်က ဖိုင်အားလုံးကို အမှတ်ပေး
ပြီး
Clean Up System Files ဆိုတာကို Click နှိပ်ပြီး သန့်ရှင်းရေးလုပ်လိုပါ။ ပြီးပါပီခင်ဗျာ။ ပြီးရင် OK ကို Click နှိပ်ပေးပြီးပြန်
ထွက်လိုက်ပါ။

ပုံ <<<  ၂၆  >>>
ကဲ - အားလုံးပြီးပီ ဆိုရင်တော့ Alt + F4 ကိုတွဲနှိပ်လိုက်ပါက ပုံတွင်ပြထားသည့်အတိုင်း Shut Down Window Box လေးကျ
လာပါလိမ့်မယ်။ ပြီးရင်တော့ Restart ကို ရွေးပေးပြီး OK ကို Click နှိပ်ပေးလိုက်ရင်
Restart ကျသွားပါလိမ့်မယ်။ Restart ကျ
သွား
ပြီး Window ပြန်တက်လာတဲ့ အခါမှာတော့ စက်အသစ်ကလေး နည်းပါးလောက်အောင် လျှင်မြန်သွတ်လပ် ပေါ့ပါးပြီး အ
သုံးပြုရတာကို လွယ်ကူစေတဲ့ Computer တစ်လုံးကို နှစ်လိုဖွယ် ပြန်လည်ရရှိပါလိမ့်မယ် ခင်ဗျာ။

အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆန္ဒပြုရင်း
လေးစားစွာဖြင့် - စနေမင်း(နည်းပညာ)