Pages

Saturday, 17 August 2013

ကီးဘုတ်လက်ကွက်တွေကို အခြေခံကျကျ နည်းစနစ်မှန်ကန်စွာ သင်ကြားတက်မြောက်လိုလျှင်

http://sanaymintechnology.blogspot.com/2013/08/blog-post.html


Keyboard Typing (ကီးဘုတ်လက်ကွက်)ကိုအခြေခံကျကျ နည်းစနစ်မှန်ကန်စွာလေ့ကျင့်ဖို့အတွက် လွယ်ကူပြီးအတက်မြန်တဲ့ (Mavis Beacon Teaches Typing Platinum 25th)

ကွန်ပျူတာအသုံးပြုတဲ့အခါမှာ အဓိကအရေးကြီးလိုအပ်တဲ့ အခြေခံဖြစ်တဲ့ ကီးဘုတ်လက်ကွက်ကို အခြေခံကျကျတက်ထားဖို့ လွန်စွာမှပင် အရေးကြီးလှပါတယ်။ ကွန်ပျူတာကို အသုံး
ပြုတဲ့သူတွေထဲမှာအချို့က ကွန်ပျူတာကိုအခြေခံကျကျ သင်ခဲ့ရတဲ့သူတွေရှိသလို အချို့က မိမိဘာသာစိတ်ဝင်စားလို့ ကြိုးစားလေ့လာရင်း တတ်ခဲ့ကြတာတွေလည်းရှိပါတယ်။ ဘယ်
လိုပဲဖြစ်ဖြစ် ကွန်ပျူတာကို အသုံးပြုတဲ့အခါမှာ လက်ကွက်ကလေးတော့ သေသေချာချာနည်းစနစ်မှန်ကန်အောင် ရိုက်တတ်ဖို့တော့ အလွန်မှပင်အရေးကြီးပါတယ်။

ကွန်ပျူတာကို အသုံးပြုတဲ့သူတွေထဲမှာ များသောအားဖြင့် မျက်စိထဲမှာ အချို့ကလက်နှစ်ချောင်းနဲ့ ခလုတ်အကုန်လုံးကိုရိုက်ကြတယ် သူတို့အ၇မ်းမြန်ကြပါတယ်။ ဒါပေမဲ့ကမ္ဘာနဲ့ ယှဉ်
ရင် Standard မရှိဘူး။ အဆင့်မရှိဆိုပါတော့ဗျာ။ ကျတော့တို့ မြန်မာနိုင်ငံတော်အနေနဲ့ မြန်မာလူမျိုးတွေထဲကနေ ကမ္ဘာနဲ့ ယှဉ်ရင် ရင်ဘောင်တန်းနိုင်တဲ့ လူတော်တွေ၊ လူရည်ချွန်တွေ
အပါအ၀င်တိုင်းပြည်၇ဲ့ အနာဂတ်ကို ဦးဆောင်နိုင်မယ့်လူငယ်တွေ အများအပြားပေါ်ထွက်လာစေဖို့ ရန်လွန်စွာမှပင် အရေးကြီးလှတဲ့အချိန်ပဲဖြစ်ပါတယ်။ ကျွန်တော် ကျတော့တို့ မြန်မာ
လူမျိုးတွေကို ကမ္ဘာနဲ့ ယှဉ်ရင် ရင်ဘောင်တန်းနိုင်တဲ့ လူတွေဖြစ်စေချင်ပါတယ်။

(လက်ကွက်ကို မှန်အောင်လေ့ကျင်ကြပါလို့ ကျွန်တော် အကြံပေးချင်ပါတယ်ဆိုတဲ့ အောင်ကျော်ခိုင် - ပုသိမ် www.aungkyaw.net ) ရေးသားအကြံပြုထားတဲ့ စာကိုဖတ်ပြီးတဲ့အခါမှာ
မအားတဲ့ကြားကနေ ဒီပို့စ်ကလေးကို မဖြစ်မနေ ရေးသားခဲ့ရခြင်းဖြစ်ပါတယ်။ ကျတော်တို့ ပတ်ဝန်းကျင်မှာ မြင်တွေရသလောက်ကတော့ မြန်မာလူမျိုးတွေ အတော်များများက လက်
နှစ်ချောင်းနဲ့ ရိုက်ကြတာများပါတယ်။ ကွန်ပျူတာအသုံးပြုတဲ့အခါမှာ ကီးဘုတ်လက်ကွက်တွေကို အခြေခံကျကျ စာလုံးပေါင်းသတ်ပုံ(နည်းစနစ်မှန်ကန်စွာ) လက်ဆယ်ချောင်းနဲ့သူ့၇ဲ့ 
သက်ဆိုင်ရာ ခလုတ်တွေကို ရိုက်နိုင်ဖို့ဆိုလိုတာပါ။ Keyboard Typing (ကီးဘုတ်လက်ကွက်)ကို အခြေခံကျကျ မှန်ကန်စွာလေ့ကျင့်ဖို့အတွက် ဆော့ဝဲတွေလည်း အများရှိပါတယ်။

ဒါကြောင့် ကျတော်အကြိုက်ဆုံးဖြစ်တဲ့ အသုံးပြုရတာလွယ်ကူပြီး အတက်မြန်တဲ့ (Mavis Beacon Teaches Typing Platinum 25th) ဆော့ဝဲလ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Mavis Typing ကိုပြန်ပြီး Edition လုပ်ကာ မွမ်းမံပြင်ဆင်ထားတဲ့အတွက် ဂိမ်းကလေးတစ်ခုကစားသလိုပဲ စိတ်ဝင်စားစရာကောင်းပြီး သင်ယူရလွယ်ကူစေပါတယ်။ အင်္ဂလိပ်လိုအရင်
လေ့ကျင့်ပါ။ အင်္ဂလိပ်လို အကြီးအသေး ကျွမ်းကျင်ပြီဆိုတော့မှ မြန်မာလိုလေ့ကျင့်တာ ပိုလွယ်သွားတာတွေ့ ရမှာဖြစ်ပါတယ်။

တကယ်တော့ကီးဘုတ်လက်ကွက်တွေကို အခြေခံကျကျ (နည်းစနစ်မှန်ကန်စွာ)လက်ကွက်ကျင့်ဖို့ အချိန် ၅ နာရီလောက်သာပေးလိုက်ရင် သေချာတတ်ပါတယ်။ အချို့ဆို တစ်ရက်
တည်းနဲ့ အင်္ဂလိပ်လို မြန်မာလို သေချာရိုက်တတ်ပါတယ်။ ပထမ စ. စခြင်းမှာ မြန်အောင်လေ့ကျင့်ဖို့မလိုပါဘူး။ စိတ်မပူနဲ့ ။ ၁ နာရီလောက် လေ့ကျင့်ပြီး သွားတဲ့အခါမှာ သူ့အလိုလို
ကိုမြန်သွားတာကို အံသြစွာတွေ့ ရမှာဖြစ်ပါတယ်။ မိမိကသာ စိတ်ဝင်စားဖို့ လိုပါတယ်။

ကျတော့တို့ မြန်မာလူမျိုးတွေထဲကနေ ကမ္ဘာနဲ့ ယှဉ်ရင် ရင်ဘောင်တန်းနိုင်တဲ့ လူတော်တွေ၊ လူရည်ချွန်တွေအပါအ၀င် တိုင်းပြည်၇ဲ့ အနာဂတ်ကို ဦးဆောင်နိုင်မယ့်လူငယ်တွေအများ
အပြားပေါ်ထွက်လာစေလို့ ဆန္ဒပြုရင်း ဒီပို(့စ်)လေးကို အဆုံးသတ်ပါရစေ။

 ဆန္ဒမွန်ဖြင့် - စနေမင်း မဟာနွယ်(နည်းပညာ)


No comments:

Post a Comment